စဉ့်ကိုင်၊    ၂၁     ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး  ရှိ/  မရှိ Rapid Test Kit ဖြင့် စစ်ဆေးခြင်းကို ယနေ့  နံနက် ၉ နာရီက တောင်ရင်းကျေးရွာရှိ Power  Gem စက်ရုံ၌ ပြုလုပ်သည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးလွင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ပရဟိတအဖွဲ့၀င်များ ပူးပေါင်း၍ တောင်ရင်းကျေးရွာရှိ Power Gem စက်ရုံ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပိုးတွေ့ရှိသူနှင့် ထိစပ်ခဲ့သူ (၃၁) ဦးကို Rapid Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၄)ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း၊  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအား စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

ဝင်း၀င်းသန်း (စဉ့်ကိုင်  ပြန်/ဆက်)