စဉ့်ကိုင်     ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက်  ကွာဟမှုလျော့နည်းလာစေရေးအတွက် ရည်ရွယ်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေအဖြစ် ကျေးရွာများအား အရင်းမပျောက်မတည်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ထုတ်ချေးပေးခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက အိုးထိန်းတောင်ကျေးရွာနှင့် ဖောင်ဇင်းကျေးရွာတို့ကို  စီမံကိန်းချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့   စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေးရခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်တင်မြင့်ခိုင်နှင့်တာဝန်ခံ ဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ အိုးထိန်းတောင် ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၂၇)ဦးအတွက် ငွေကျပ် (၁၉၄၀၀၀၀၀)၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၂၁)ဦးအတွက် ငွေကျပ်(၁၀၈၀၀၀၀၀)၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ(၁၆)ဦးအတွက်    ငွေကျပ် (၈၈၀၀၀၀၀) စုစုပေါင်း ငွေကျပ်(၃၉၀၀၀၀၀၀) နှင့် ဖောင်းဇင်းကျေးရွာမှ စိုက်ပျိူးရေးလုပ်ငန်းလုပ်ကိုင်သူ(၃၃)ဦးအတွက် ငွေကျပ် (၁၄၃၅၀၀၀၀)၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၃၇)ဦးအတွက် ငွေကျပ် (၁၃၉၀၀၀၀၀)၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၂၁)ဦးအတွက် ငွေကျပ်(၇၁၅၀၀၀၀) စုစုပေါင်းငွေကျပ် (၃၅၄၀၀၀၀၀)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ 

စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြစ်သည့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြင့်တင်ခြင်း၊ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်းစသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရှာ အိုးထိန်းတောင်ကျေးရွာနှင့်ဖောင်ဇင်းကျေးရွာတို့ကို ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်မှ  စတင်ထုတ်ချေးပေးခဲ့ပြီး ယခုထုတ်ချေးပေးခြင်းသည် တတိယအကြိမ်မြောက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်ထံက သိရသည်။

ဝင်းဝင်းသန်း