ကျောက်ဆည် ၁၃ မေ
စဉ့်ကိုင်မြို့နယ်တွင် သရက်သီးနှံစိုက်ပျိုးထုတ်လုပ်သည့်ခြံ လုပ်ငန်းရှင်များမှ ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင်GAP အသိအမှတ်ပြု လက်မှတ်များရရှိရေး စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနသို့ လျောက်ထားခဲ့ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် သရက်ခြံ လုပ်ငန်းရှင်များအား GAP လက်မှတ်များကို ယမန်နေ့ မွန်းလွဲ၂နာရီက စဉ့်ကိုင်မြို့နယ် ညောင်ပင်ကြီး နည်းပညာ စင်တာတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
သရက်ခြံစိုက်ပျိုးထုတ်လုပ်သည့် ခြံလုပ်ငန်းရှင်များကို ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ စဉ့်ကိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစိုးတို့က ဆည်ရွာ၊ ဆီဆုံ၊ ဒေါင်ကြီးကွေ့၊ သပြေရိုးကျေးရွာများမှဧက ၄၂ ဧကစိုက်ပျိုးထားသည့် သရက်ခြံ (၆)ခြံကိုGAP လက်မှတ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။
''ပြည်သူများ အစားအသောက်အန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရန်၊သီးနှံအရည်အသွေးပိုမို ကောင်းမွန်စေရန်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ပိုမိုကာကွယ်နိုင်ရန်၊ ခြံလုပ်သားများ၏ ကျန်းမာရေးနှင့် လူမှုဘဝ သာယာစေရန်၊ ပြည်တွင်းစားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ပြည်ပသို့ တင်ပို့နိုင်မှုကြောင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)လက်မှတ်များ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဒေါ်စိုးစိုး''က ပြောပြ၍ သိရသည်။
တင်တင်ထွေး( ပြန်/ဆက်)


