စဉ့်ကူး ၁၃ နိုဝင်ဘာ  

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန စဉ့်ကူးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်()ဖွင့်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်းက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးအေးမှ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းနှင့် ခေတ်မီဒီဇိုင်းလက်ရာများကို လေ့လာကြည့်ရှုခဲ့ကြသည်။

 

သင်တန်းတွင် အဆောင်နေသင်တန်းသူ (၄၉)ဦးနှင့် နေ့သင်တန်းသူ ()ဦး စုစုပေါင်း သင်တန်းသူ (၅၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၁၈)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကျောင်းမှ အခြေခံအိမ်တွင်းမှု သင်တန်းသူ (၄၃၉)ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းသူ (၁၆၁)ဦး စုစုပေါင်း သင်တန်းသူ (၆၀၀)ဦးကို အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာရပ်များ သင်ကြားပေးနိုင်ခဲ့ပြီး ကိုယ်ပိုင်စက်ချုပ်ဆိုင် ဖွင့်လှစ်နိုင်သူ (၇၅)ဦး၊ အထည်ချုပ်စက်ရုံသို့ သွားရောက်လုပ်ကိုင်သူ (၂၈)ဦးနှင့် အိမ်တွင်းမှု သင်တန်းကျောင်းဝန်ထမ်းအဖြစ် ()ဦးကို ပြန်လည်ခန့်အပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

မင်းဇော်ဦး(ပြန်/ဆက်)

 

န္၃