စဉ့်ကူး ၃ ဇူလှိုင်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့၌ မန္တလေးတိုင်းဒေသကြီးဥပဒေဆိုင်ရာအ ထောက်အကူပေးရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနားကို ဇူလိုင် (၂) ရက် ညနေ (၄)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ မိတ်ဆက်တွေ့ဆုံပွဲ အခမ်းနားတွင် မန္တလေးတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲ့ဝင် ဦးမျိုးဆွေက မိတ်ဆက်စကားပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြ သူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး၊ စဉ့်ကူးမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဌ ဦးစန်းလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိ လိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
အဆိုပါ မိတ်ဆက်တွေ့ဆုံပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးနိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရှေ့နေများအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့်ကာ ကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ/အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းဇော်ဦး(ပြန်/ဆက်)


