စဉ့်ကူး ၁၃ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်စစ်မှုထမ်းဟောင်းမိသားစုဝင်များအား (၂၁)ရက်စာ အခြေခံစားသောက်ကုန်(၅)မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်ဉများ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ နံနက် (၉)နာရီက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ သပိတ်ကျင်းတပ်နယ်၊ တပ်ရင်းမှူးက လာရောက်ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီး တပ်ရင်းမှူးနှင့် တာဝန်ရှိသူတို့က စဉ့်ကူးမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်မိသားစုများအတွက် ဆန်အိတ် (၁၃၀)၊ ဆီပိဿာ (၁၈၀) ၊ ဆား (၂)အိတ်၊ ပဲ(၉)အိတ်ခွဲ၊ ကြက်ဉ (၄၉၂)လုံးတို့အား စုပေါင်း ထောက်ပံ့ပေးအပ်သည်။
ထို့နောက် သပိတ်ကျင်းတပ်နယ်မှ တပ်ရင်းမှူးနှင့် တာဝန်ရှိတို့သည် မြို့နယ်ပြည်သူ့ဆေးရုံရှိ ဝန်ထမ်းများအား ကြက်ဉ (၄၅၅)လုံး၊ ခေါက်ဆွဲခြောက်ထုတ် (၁၅၀)၊ ကာဘောလစ်ဆပ်ပြာ (၁)ဖားနှင့် ရွှေဖီဦးလ္ဘက်ခြောက် ထုတ် (၃၀)တို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းဇော်ဦး(ပြန်/ဆက်)


