စဉ့်ကူး ၁၀  ဩဂုတ်

 

စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကြောင်းအတွင်း ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းဆီးမှုများအား ယမန်နေ့ နံနက် ၇ နာရီက ခရိုင်/မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးနေလင်းနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များက ငါးသယံဇာတများ ပြုန်းတီးမှုမရှိစေရေး၊ ဧရာဝတီလင်းပိုင်များ ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းဆီးမှုများရှိ မရှိကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာ ပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

 

ဧရာဝတီမြစ်ကြောင်းအတွင်း ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းဆီးမှုများမရှိစေရေး ရှောင်တခင် စစ်ဆေးမှုများကို မကြာခဏ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရ သည်။

 

ကျော်မျိုးဝေ(စဉ့်ကူး)