စဉ့်ကူး  ၃၁  ဇူလိုင်

 

စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကြောင်းအတွင်း ငါးသယံဇာတများ ပြုန်းတီးမှုမရှိစေရေး၊ ဧရာဝတီ လင်းပိုင်များ ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် ဘတ္ထရီရှော့တိုက်ငါးဖမ်းဆီးမှုများအား ဇူလိုင် ၂၉ ရက်က ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးမှု ရှောင်တခင် ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်ဆောင်ရွက်မှုများ မကြာခဏ ပြုလုပ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

 

တင်တင်နု( စဉ့်ကူး )