စဉ့်ကူးမြို့နယ် မြစိမ်းကျေးရွာတွင် မိုးကြိုးထိမှန်၍ အမျိုးသားနှစ်ဦးသေဆုံး

စဉ့်ကူး အောက်တိုဘာ ၁

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် မြစိမ်းကျေးရွာတွင် နိုဝင်ဘာ ၃၀ ရက် ည ၇ နာရီခွဲခန့်က မိုးကြိုးထိမှန်၍ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မြစိမ်းကျေးရွာတောင်ဘက် ကိုက်(၄၀၀)ခန့်အကွာရှိ အင်းပိုင် ဦးဝင်းဇော်၏ မြစ်လောင်းမြစ်ကျိုး ကြေးတိုင်အင်းအတွင်း အင်းလုပ်ငန်းဆောင်ရွက်နေကြစဉ် မိုးထစ်ချုန်းရွာသွန်းပြီး အမျိုးသား(၃)ဦး မိုးကြိုးထိမှန်ခဲ့ရာ အဆိုပါ (၃)ဦးအနက် ဦးမောင်မြင့်နှင့် ဦးထွန်းနိုင်ဦး တို့နှစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း၊ အင်းပိုင် ဦးဝင်းဇော်မှာ ထုံးကြီးတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

တင်ဇာလွင် (ပြန်/ဆက်)