စဉ့်ကူး ၂ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ဉပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့သည် မြို့နယ် အတွင်း ကျေးရွာများသို့ ကွင်းဆင်းသွားရောက်ကာ ကျေးရွာပြည်သူများအား ဉပဒေဆိုင်ရာ ဗဟုသုတများ တိုးပွားစေရန်နှင့် ဉပဒေဆိုင်ရာ အထောက်အကူပေးရေးနှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများကို အောက်တိုဘာ (၁) ရက် မွန်းတည့် (၁၂)နာရီက မြစိမ်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)၌ အသိပညာပေး ဟောပြောသည်။
ရှေးဉီးစွာ မြို့နယ်ဉပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲဝင် ဉီးစိုင်ဝေယံထွန်းက မိတ်ဆက်စကားနှင့် ကလေးသူငယ် အခွင့်ရေးဆိုင်ရာ ဉပဒေနှင့် ဉပဒေဆိုင်ရာ သိကောင်းစရာများ၊ အဖွဲ့ဝင် ဉီးစိုးမင်းနိုင်မှ သက်ငယ်မုဒိမ်း၊ ဉပဒေဆိုင်ရာ အထောက်အကူပေးရေးနှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများကို ဆွေးနွေး ဟောပြောကြသည်။
ထို့နောက် တက်ရောက်သော ကျေးရွာပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည့် ဉပဒေဆိုင်ရာ ကိစ္စရပ်များကို စိတ်ပါဝင်စားစွာ ဆွေးနွေးမေးမြန်းကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားသည်။ ၎င်းနောက် မေးကြမယ်၊ ဖြေကြမယ် အစီအစဉ် ပြုလုပ်ကာ ဆွေးနွေးဟောပြောခဲ့သည့် ဉပဒေဆိုင်ရာ ဗဟုသုတများနှင့် ပတ်သက်၍ မှန်ကန်စွာ ဖြေကြားနိုင်သူများအား ဆုလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများအား လူကုန်ကူးမှုဆိုင်ရာများ ပါဝင်သည့် သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။
မင်းဇော်ဦး(ပြန်/ဆက်)


