စဉ့်ကူး ၂၇ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာအုပ်စု ရှေရှင်ကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေ (၅၀)ရာခိုင်နှုန်းနှင့် ပြည်သူထည့်ဝင်ငွေတို့ ပူးပေါင်းဆောင်ရွက်သည့် ရွာတွင်း (၄၀၀)ဗို့လိုင်း လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ကျေးရွာတာဝန်ခံနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ စဉ့်ကူးမြို့နယ် ရေရှင်ကျေးရွာ လျှစ်စစ်မီးလင်းရေးဖွင့်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုဦး၊ ရပ်မိ/ရပ်ဖ ဦးမြဝင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးရဲမောင်၊ မြို့နယ်စိုက်ပျိုးဦးစီးမှူး ဦးကျော်ကျော်ညွှန့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုဦးက စီးမံကိန်း၏ အကျိုးသက်ရောက်မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရေရှင်ကျေးရာ မီးလင်းရေးကော်မတီ အတွင်းအရေးမှူး ဦးသန်းဦးမှ ကျေးရွာမီးလင်းရေးအတွက် ဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီး ဒေသခံကျေးရွာပြည်သူများကိုယ်စား ရေရှင်ကျေးရွာ တာဝန်ခံ ဦးဋ္ဌေးရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မင်းဇော်ဦး(ပြန်/ဆက်)