စဉ့်ကူး ၇ မတ်

 

စဉ့်ကူးမြို့နယ်တွင် အခြေခံပညာကျောင်း(၁၆) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၉၃၀ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ပွဲကို မတ် ၆ရက် နံနက် ၁၀နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်းက အဖွင့်အမှာစကား ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးက နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများလိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ခေတ္တမြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က အထက(စဉ့်ကူး)မှ ကျောင်းသား၊ ကျောင်းသူများနှင့် အခြေခံပညာ ကျောင်း(၁၆)ကျောင်းမှကျောင်းအုပ် ဆရာ၊ ဆရာမကြီးများအား ကျောင်းများအလိုက် နိုင်ငံသား စိစစ်ရေးကတ်ပြားများ စုပေါင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

မင်းဇော်ဦး(ပြန်/ဆက်)