စဉ့်ကူးမြို့နယ်၌၂၀၁၈ - ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူ ၂၆၈၆ ဦး ဝင်ရောက် ဖြေဆိုကြမည်

စဉ့်ကူး ၂ မတ်

 

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ၂၀၁၈-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၇) ရက်နေ့တွင် စတင် ဖြေဆိုတော့မည်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးတွင် စာဖြေဌာန (၁၉၂) ခုထားရှိပြီး၊ ကျောင်းသား ကျောင်းသူ ၁၁၆၇၉၁ ဦး ဝင်ရောက်ဖြေဆိုကြမည် ဖြစ်ကြောင်း သိရသည်။

 

စဉ့်ကူးမြို့နယ်တစ်မြို့နယ်လုံး၌ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာဖြေဌာနအဖြစ် စဉ့်ကူး-လက်ပန်လှ-ထုံးကြီးနှင့် ရွှေပြည်အခြေခံပညာအထက်တန်းကျောင်း စင်တာ(၄)ခု ဖွင့်လှစ်ထားရှိပြီး၊ ဖြေဆိုသူ(၁၅၁၀) နှင့် အပြင်ဖြေ (၁၁၇၆) ကျောင်းသား၊ ကျောင်သူ စုစုပေါင်း (၂၆၈၆)ဦး ဖြေဆိုသွားကြ ဖြစ်ရာ စဉ့်ကူးစင်တာမှူးအဖြစ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မော်မော်၊ လက်ပန်လှစင်တာမှူးအဖြစ် ဒေါ်သန္တာဦး၊ ထုံးကြီးစင်တာမှူးအဖြစ် ဦးမြသွေးနှင့် ရွှေပြည်စင်တာမှူးအဖြစ် ဒေါ်ကြွယ်ကြွယ်အေးတို့ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူး မြို့နယ်ပညာရေးမှူး ဦးကျော်သူနှင့် အဖွဲ့ဝင် (၅)ဦးက စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း အနီးကပ်ကြီးကြပ် သွားကြမည်ဖြစ်ကြောင်း သိရသည်။

 

မင်းဇော်ဦး