စဉ့်ကူး ၁ ဩဂုတ် 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြိုနယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုး အင်ဂျင်ပြုပြင်ခြင်း သင်တန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။

 

1137

 

ရှေးဉီးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဉီးက အဖွင့်အမှာစကားပြောကြားရာတွင် "အသက်မွေးဝမ်းကျောင်းသင်တန်းတွေဟာ အင်မတန်အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ ပြည်သူတွေသိရှိလာကြပြီဖြစ်ကြောင်း၊ ယခုဆိုလျှင် အခြေခံပညာ (၄)တန်း၊ (၈)တန်းနှင့် တက္ကသိုလ်ဝင်တန်း အောင်ပြီးရင် အသက်မွေးဝမ်းကျောင်း လျှောက်နိုင်တဲ့သင်တန်းတွေရှိလာပြီဖြစ် ကြောင်း၊ ယနေခေတ်လူငယ်တွေဟာ ဘွဲ့ရမှအလုပ်အကိုင်ရတယ် ထင်နေကြောင်း၊ တကယ်တော့ အသက်မွေးဝမ်းကျောင်းပညာတက်တဲ့ သူဟာ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်တယ်ဆိုတာကို ကမ္ဘာ့နိုင်ငံတွေနဲ့ ယှဉ်ပြီး နိုင်ငံတကာဆက်ဆံနေတဲ့သူတွေ အားလုံးသိပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယနေ့ဖွင့်လှစ်တဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းကို သေချာလေ့လာမှတ်သားပြီး မိမိတို့ကျေးရွာမှာ လက်တွေ့အသုံးချ သွားစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။ 

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးအောင်ကိုကိုဉီးက သင်တန်းဖွင့်လှစ်ပို့ချမည့် အခြေအနေအား ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဇော်နီလင်းက သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဉီးအား သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံရိုက်ကူကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဉီး၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဇော်နီလင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုဦးနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား(၂၀)ဦးတက်ရောက်ကြပြီး သင် တန်းကာလမှာ (၁)လ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မင်းဇော်ဦး(ပြန်/ဆက်)