စဉ့်ကူး ၂၁ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ " လူငယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း" ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်းကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ(၁)နာရီတွင် စဉ့်ကူးမြို့ စိုက်ကွင်း အခြေခံပ ညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းကို တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစန်းနိုင်ထွန်း၊ မြို့နယ် ဉပဒေအရာရှိ ဦးကျော်မိုးဝင်းနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ထူးမြတ်တို့က လူငယ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး၊ ယာဉ်အန္တယ်ကင်းရှင်းရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြမည်ဖြစ်ပြီး မည်သူမဆိုတက်ရောက် ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရ သည်။
မင်းဇော်ဦး(ပြန်/ဆက်)


