စဉ့်ကူး ၈ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မာလဲ-နတ်တောင် ရေလှောင်တမံ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက်(EPP)ရှင်းလင်းပွဲကို ဩဂုတ် (၇)ရက် နံနက် (၁၀)နာရီက အဆိုပါ ရေလှောင်တမံ ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်သည်။
ရှေးဉီးစွာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာန ဉီးစီးအရာရှိ (မြို့ပြ) ဉီးတင်မြင့်အောင် ကစီမံချက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ အရေးပေါ် အခြေအနေအဆင့်(၁) ဖြစ်ပေါ်လာပါက ပြည်သူများသို့ ဆက်သွယ်အသိပေးသွားမည်ဖြစ်ပြီး အများပြည်သူများ မြင်သာသော နေရာနှင့် ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးမှူးရုံးများတွင် အစိမ်းရောင်အလံလွှင့်ထူးခြင်း၊ အဆင့်(၂)ဖြစ်ပေါ်လာပါက အဝါရောင်အလံ လွှင့်ထူခြင်း၊ အသံချဲစက်ဖြင့် လှည့်လည်ကြေငြာခြင်း၊ အဆင်(၃)ဖြစ်ပေါ်လာပါက အနီရောင်အလံလွှင့်ထူ ခြင်း၊ အသံချဲ့စက်ဖြင့် လှည့်လည်ကြေငြာခြင်းစသည့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို (Power Point) ဖြင့် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ဌာဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ သိရှိလိုသည်များမေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ် ဒေါက်တာကျော်နိုင်ဉီး၊ မြို့နယ်အုပ်ချုပ်ရေးမှူ ဦးစိုးနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့မှ အရေးပေါ် အခြေအနေအဆင့်အလိုက် လွှင့်ထူရမည့် အရောင်အလံများကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အသီသီးပေးအပ်ကြပြီး တက်ရောက်လာသူမျာအား မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာနမှ ထုတ်ဝေသည့် မာလဲ-နတ်တောင်ရေလှောင်တမံ အရေးပေါ် အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။
မင်းဇော်ဉီး(ပြန်/ဆက်)


