စဉ့်ကူး  ၂၃  ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီက စဉ့်ကူး(အထက) ကျောင်းဝင်းအတွင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ထို့သို့ ဆောင်ရွက်ရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း)မှ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးမြင့်ရွှေ ဦးဆောင်သော ဝန်ထမ်းများက (က)လိုင်စင် ၇၉ ဦး၊ (ခ)လိုင်စင် ၁၄ ဦး၊ (ဃ)လိုင်စင် ၁ ဦး စုစုပေါင်း ၉၄ ဦး၊ သက်တမ်းစေ့ရောက်သည့် မော်တော်ယာဉ် ၂၈ စီးနှင့် မော်တော်ဆိုင်ကယ် ၁၁၈ စီးတို့အား ယာဉ်လိုင်စင်များ သက်တမ်းတိုး ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ် ယာဉ်လုပ်ငန်း ကြီးကြပ်မှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က ကူညီဆောင်ရွက်ပေးခဲ့သည်။

 

မင်းဇော်ဦး(ပြန်/ဆက်)