စဉ့်ကူး  ၁၈   အောက်တိုဘာ

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ကမ္ဘာ့ဘဏ်ချေးငွေအကူအ ညီဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP On Gird) ဓာတ်အားစနစ်ဖြင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် ကျေးရွာပေါင်း (၁၅၀)ရှိပြီး ကျေးရွာ (၆၆)ရွာ မီးလင်းပြီးဖြစ်ကြောင်း သိရသည်။

 

(NEP) ဓာတ်အားစနစ်မှ ပထမအဆင့်အနေဖြင့် စဉ့်ကူးမြို့နယ်အတွင်း ကျေးရွာ (၁၅) ရွာကို လျှပ်စစ်မီးရရှိရေးဆောင်ရွက်လျက်ရှိရာ သရက်ချောင်း၊ တောင်အင်း၊ ခမ်းပါး၊ ကျီးပင်သာ၊ ကျောက်တိုင် ကျေးရွာနှင့် ဆီဆုံကျေးရွာတို့တွင် အောက်တိုဘာ ဒုတိယပတ်က လမ်းမီးများစတင်လင်းနေပြီးဖြစ်ပြီး ကျန်ရှိသော ကျေးရွာများကိုလည်း မကြာမီ မီးလင်တော့မည်ဖြစ်ရာ စဉ့်ကူးမြို့နယ်အတွင်း ဓာတ်အားစနစ်မှ မီးလင်းပြီး ကျေးရွာပေါင်း (၇၂) ရွာရှိပြီး တစ်မြို့နယ်လုံး၏ (၄၈) ရာခိုင်နှုန်း မီးလင်းနေပြီးဖြစ်ကြောင်း သိရသည်။

                                                                                                           

မင်းဇော်ဦး(ပြန်/ဆက်)