စဉ့်ကူး ၅ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် သုံးစွဲနေကြသော တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးမည့် ကျေးရွာများအား နွေရာသီတွင် ဓာတ်အားပြည့်ဝစွာ သုံးစွဲရရှိရေးနှင့် ဓာတ်အားပြတ်တောက်မှုမဖြစ်ပေါ်စေရန်အတွက် မြန်မာ့လျှပ်စစ်ဓာတ်အားပေးက ကော်ပိုရေးရှင်းမှ စဉ့်ကူးမြို့တွင် ၃၃/၁၁ ကေဗွီဓာတ်အားခွဲရုံ ၅အမ်ဗွီအေမှ ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေဓာတ်အားခွဲရုံအဖြစ် စက်တင်ဘာ (၃)ရက်က အဆင့်မြင့်တင်တပ်ဆင်တည်ဆောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောက်ရွက်သည့် လုပ်ငန်းခွင်သို့ MESC မှ တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဉီးရဲမောင်နှင့် ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုတို့ဖြင့် အဆင့်မြှင့်တင်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ ပြီး ယခုအခါ စဉ့်ကူးမြို့နယ်အတွက် နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် အသုံးပြုနေကြသော ကျေးရွာများတွင် ဓာတ်အားပြည့်ဝစွာသုံးစွဲရရှိနေကြပြီး ဓာတ်အားပြတ်တောက်မှုများလည်း မဖြစ်ပေါ်စေတော့ဘဲ လျှစ်စစ်မီး များကောင်းမွန်စွာ ရရှိသုံးစွဲနိုင်ကြပြီဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(စဉ့်ကူး)


