စဉ့်ကူး ၄ ဩဂုတ်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်ဉပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် မြို့နယ်အတွင်းကျေးရွာများသို့ ကွင်းဆင်းသွားရောက်ကာ ကျေးရွာပြည်သူများအား ဉပဒေဆိုင်ရာဗဟုသုတများ တိုးပွားစေရန်နှင့် ဉပဒေဆိုင်ရာအထောက်အကူပေးရေးနှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများကို စဉ်ဆက်မပြက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီက နတ်တောင်ကျေးရွာနှင့် ညနေ (၃)နာရီက ပင်လယ်ကြီးကျေးတို့တွင် အသိပညာပေးဟောပြောကြသည်။

"ဒီလိုအဖွဲ့အစည်းမျိုး ပေါ်ပေါက်လာအောင် ဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ယခုလို ဉပဒေအသိပညာပေး ဟောပြောပွဲတွေကို မကြာခဏ လာရောက်ဟောပြော စေချင်ပါတယ်။ ကွင်းဆင်လာရောက် ဟောပြောတဲ့အတွက် ကျေးရွာပြည်သူတွေ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်တွေ ပြစ်မှုနှင့်ဉပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ စုံလင်စွာသိရှိရလို့ ရာဇဝတ်မှုကျူးလွန်မှုများ၊ လူကုန်ကူမှုများ လျော့နည်းကျဆင်းလာနိုင်ပြီး မကောင်းမှုတို့မ ှရှောင်ကျဉ်လာနိုင်ကြမှာ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးသူများကို အခမဲ့ဉပဒေဆိုင်ရာအထောက်အကူ တောင်းခံနိုင်ခွင့်ရှိလာတဲ့အတွက် ပြစ်မှုကျူးလွန်ခံရခြင်းကြောင့် နစ်နာမှုများကိုလည်း ထောက်ကူပေးနိုင်မှာဖြစ်လို့ အခုလိုလာရောက်ဟောပြောတဲ့ မြို့နယ်ဉပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို ကျေးဇူးတင်ရှိပါတယ်" ဟု ကျေးရွာတာဝန်ရှိသူတစ်ဉီးက ပြောပြသည်။

အဆိုပါအသိပညာပေး ဟောပြောပွဲသို့ မြို့နယ်ဉပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်ထားအိစံနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းသား၊ ကျောင်းသူမျာ၊ ကျေးရွာပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

ဝင်းမောင် (စဉ့်ကူး)