စဉ့်ကူး၊  ၂၆   မေ

အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ  စဉ့်ကူးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးရွှေဝင်း နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ယနေ့နံနက် ၈ နာရီခွဲက စဉ့်ကူးမြို့ အမှတ်(၁) ရပ်ကွက်၊ သီလှကျေးရွာနေပြည်သူများ  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။  

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ် (၁) ရပ်ကွက် သီလှကျေးရွာရှိ ပြည်သူ (၁၂) ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးနိုင်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် စဉ့်ကူးမြို့နယ်၌  အိမ်ထောင်စုဇယားမရှိသည့် အိမ်ထောင်စုများ၊ အသက်(၁၆) နှစ်မှ  (၁၈) နှစ်အထိ ပြည်သူများ၊ အသက် (၁၈) နှစ်အထက်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရှိသေးသည့် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့်  မေလမှ စတင်၍ ရပ်ကွက်/ကျေးရွာအုပ်စုများသို့  အဖွဲ့များခွဲ၍  ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)

mdn