ညောင်ဦး၊  ၂၇ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူတိုက်နယ်တွင် ဆောက်လုပ်လျက်ရှိသည့် နယ်မြေမီးသတ်စခန်း အဆောက်အအုံသစ်မှာ ယခုအခါ ၈၉ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။

 

အဆိုပါ နယ်မြေမီးသတ်စခန်း အဆောက်အအုံသစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့  ခွင့်ပြုရန်ပုံငွေကျပ် ၁၁၂ ဒသမ ၅ သန်းဖြင့် အလျား ၄၅ ပေ၊ အနံ ပေ ၅၀၊ အမြင့် ၂၆ ပေရှိ အာရ်စီနှစ်ထပ် (၂) ယူနစ် မီးသတ်စခန်းအဖြစ် Global Land ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေခြင်း ဖြစ်သည်။

 

တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပါက နယ်မြေအတွင်းရှိ မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)

 

mdn