မုံရွာ ၁ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် နှင့်အဖွဲ့သည် ယနေ့ နံနက် (၁၁)နာရီခွဲက တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်သော Coronavirus Disease 2019 (COVID -19) ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် MYANMAR CNMC NICKEL Co,Ltd မှ Face Mask နှင့် PPE ဝတ်စုံများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID -19) ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် MYANMAR CNMC NICKEL Co,Ltd မှ ဒေါ်မြတ်စုလွင် ဦးဆောင်သော အဖွဲ့က Face Mask ၂၀ဝ၀ဝ နှင့် PPE ဝတ်စုံ ၁၀ဝ၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၆၁)သိန်း (ကျပ်ခြောက်ဆယ့်တစ်သိန်းတိတိ)ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးစိုးလွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်တို့မှ လက်ခံ ရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


