ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic)အဖြစ် ထုတ်ပြန်ထားသော Coronavirus Disease 2019 (COVID-19) နှင့် ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများအား နိုင်ငံတော်မှ အမျိုးသားအဆင့်အနေဖြင့် သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် ပြည်သူလူထု တစ်ဦးချင်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့မှ ၆ ရက်နေ့၊ (၁၆:၃၀) နာရီအထိ အောက်ဖော်ပြပါ အတိုင်း အလှူငွေများကို စေတနာထက်သန်စွာဖြင့် လှူဒါန်းမှုပြုခဲ့ကြပါသည်-


