Coronavirus  ရောဂါ ပြန့်ပွားမှု ကာကွယ်နိုင်ရေးအတွက် မြို့ဝင်/ထွက်ဂိတ်၌ စောင့်ကြည့်စစ်ဆေးမှု များအား ကွင်းဆင်းစစ်ဆေး

လောက်ကိုင်  ၆  ဧပြီ                                       

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင်  Coronavirus  ရောဂါ ပြန့်ပွားမှု ကာကွယ်နိုင်ရေးအတွက် မြို့ဝင်/ထွက် ဂိတ်၌ စောင့်ကြည့်စစ်ဆေးမှုများအား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့မှ   ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးကြည့်ရှု ခဲ့ကြောင်း သိရသည်။

လောက်ကိုင်မြို့ ဝင်/ထွက်ဂိတ်၌ စောင့်ကြည့်စစ်ဆေးမှုကို မတ်လ စတုတ္ထပတ်အတွင်းက စတင် ဆောင်ရွက်ထားရှိပြီး ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများ၏အမည်နှင့်  သွားရောက်မည့် နေရပ်လိပ်စာ အချက်အလက်များကို ပြုစုကောက်ယူထားရှိပြီး ယင်းသို့ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဝင်/ထွက်ပေါက် ရန်လုံကျိုင်း နယ်စပ်ဖြတ်တံတား၊ လောက်ကိုင်မြို့ဝင်ဂိတ်၊ တောင်ညီနောင် မြို့အဝင်ဂိတ်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်အောင်(ပြန်/ဆက်)