ရန်ကုန် ၂၂ စက်တင်ဘာ

 

COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို ထားရှိမည့် Quarantine centre အဖြစ်အသုံးပြုရန် နေရာများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရေးအတွက် ယ‌မန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်၊ ဗဟန်းမြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဗဟန်းမြို့နယ် Facility Quarantine Center အဖြစ်အသုံးပြုမည့် ကျိုက္ကဆံ ဘတ်စကတ်ဘောအားကစားရုံနှင့် အ.မ.က(၁)ဗဟန်း(အရံထားရှိ)ကျောင်းတို့ကို စစ်ဆေးကာ မိမိတို့မြို့နယ်အတွင်း ရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးတွေ့လူနာနှင့် ဆက်စပ်ထိတွေ့သူများအား အချိန်မီ Quarantine ထားရှိနိုင်ရေး၊ ပိုးတွေ့လူနာ နေထိုင်ခဲ့သောအိမ်နှင့် ပတ်ဝန်းကျင်တို့အား ပိုးသတ်ဆေးဖျန်းခြင်းများ စသည့် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်‌ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်လျက်ရှိ‌ကြောင်း သတင်းရရှိသည်။

 

အာကာလင်း

 

mdn