နေပြည်တော်  ၂၃   ဇွန်

 

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်အတွက် COVID-19 Call Center ကို ဆေးသုတေသနဦးစီးဌာန၊ ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနတို့ ညှိနှိုင်းမှုဖြင့် ဆက်သွယ်ရေးအော်ပရေတာ (၄)ခု၊ Blue Ocean ကုမ္ပဏီတို့ပူးပေါင်း၍ COVID-19 Call Center (ဖုန်းနံပါတ် ၂၀၁၉)အား ဧပြီ (၈) ရက်မှစ၍ နေ့စဉ်နံနက် (၈)နာရီမှ ည (၈)နာရီအထိ ရန်ကုန်မြို့၊ ဆေးသုတေသန ဦးစီးဌာနတွင် ဆေးသုတေသနဦးစီးဌာနမှ ဝန်ထမ်း (၄၃)ဦး၊ မြန်မာနိုင်ငံဆရာဝန်များအသင်းမှ စေတနာ့ဝန်ထမ်းဆရာဝန် (၁၇)ဦး၊ စုစုပေါင်း (၆၀)ဖြင့် ဖွင့်လှစ်ထားရှိခဲ့သည်။

 

ယခုအခါတွင် COVID-19 Call Center ခေါ်ဆိုမှုအချိန်ကို နံနက်(၈)နာရီမှ ည(၈) နာရီအထိ (အစား) နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ ပြောင်းလဲဖွင့်လှစ်ထားကြောင်း သိရသည်။

 

(သတင်းစဉ်)