နေပြည်တော်   ၃  မေ 

 

နေပြည်တော်ကောင်စီ Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများနှင့် စည်ပင်သာယာရေးလုပ်ငန်းများ၊ ကြီးကြပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း ဦးဆောင်သော စစ်ဆေးရေးအဖွဲ့သည် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်နှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် လုပ်ငန်းတာဝန်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ အန္တရာယ်ကင်းရှင်းစွာ တာဝန်ထမ်းဆောင်နိုင်စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Covid-19 ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်များ ပိုမိုစနစ်ကျစွာဖြင့် ထိရောက်မှုရှိစေရန်အတွက် ထိုသို့စစ်ဆေးခြင်း ဖြစ်သည်။

 

အဆိုပါ စစ်ဆေးရေးအဖွဲ့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပင်မအဆောက်အဦရှိ ရုံးခန်း၊ သတင်းခန်း၊ ထုတ်လုပ်ရေးနှင့် ထုတ်လွှင့်ရေးအခန်းများ၊ စက်ခန်းများ၊ ရေဒီယိုအသံလွှင့်ရုံ အမှတ်(၁/၂)တို့အား လိုက်လံ စစ်ဆေးပြီး ဝန်ထမ်းများ တစ်ဦးချင်း လိုက်နာလုပ်ဆောင်ရန် အချက်များနှင့် လုပ်ငန်းခွင်ဆိုင်ရာ လုပ်ဆောင်ရ မည့်အချက်များကို အကြံပြုခဲ့သည်။ 

 

သတင်း၊ အောင်နိုင်ဝင်း (MRTV) ၊ ဓာတ်ပုံ၊ ညွန့်လွင် (MRTV)