(၂၉-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁:ဝ၀)နာရီ

 

(၁၉-၄-၂၀၂၀)ရက်နေ့တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုခဲ့ပြီး (၂၀-၄-၂၀၂၀) ရက်နေ့မှစတင်၍ တောင်ဥက္ကလာပအထူးကုဆေးရုံ၌ တက်ရောက်ကုသမှုခံယူကာ (၂၂-၄-၂၀၂၀) ရက်နေ့မှစ၍ အထူးကြပ်မတ်ကုသခံယူခဲ့ရသည့် သွေးတိုးရောဂါနှင့် အမျိုးအစား (၂) ဆီးချိုရောဂါ အခံရှိသူ အသက် (၆၃)နှစ်အရွယ် အမျိုးသား (Case-110) သည် (၂၉-၄-၂၀၂၀)ရက်နေ့၊ နံနက် (၁၁:၁၅)နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

 

သေဆုံးရသည့်အကြောင်းအရင်းမှာ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း၊ အသက်ရှူလမ်းကြောင်း အတွင်း ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်းနှင့် ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းတို့ကြောင့် ဖြစ်ပါသည်။