၁။ COVID-19 ကာကွယ်ဆေး ဝယ်ယူရေးအတွက် ပါဝင်လှူဒါန်းလိုကြသော ပြည်သူများအနေဖြင့် မြန်မာ့စီးပွားရေး ဘဏ်၊ နေပြည်တော်ရှိ COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ မြန်မာကျပ် ငွေစာရင်းအမှတ် (OA 013733) သို့ အောက်ပါနည်းလမ်းများဖြင့် ထည့်ဝင်လှူဒါန်းနိုင်ပါသည် -

(က) မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်ဘဏ်ခွဲနှင့် နိုင်ငံပိုင်ဘဏ်များ၏ ဘဏ်ခွဲအားလုံး ပုဂ္ဂလိကဘဏ်များ၏ ဘဏ်ခွဲအားလုံးတို့တွင် ငွေသားဖြင့် တိုက်ရိုက်လှူဒါန်းနိုင်ပါသည်။

(ခ) နိုင်ငံပိုင်ဘဏ်ခွဲများတွင် ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်းများနှင့် ပုဂ္ဂလိကဘဏ်ခွဲများတွင် ဖွင့်လှစ်ထားသော စာရင်းများမှ စာရင်းပြောင်းနည်းလမ်း (Account Transfer) ဖြင့် လှူဒါန်းနိုင်ပါသည်။

(ဂ) Mobile Banking / Mobile Walletမှ လှူဒါန်းလိုပါက သက်ဆိုင်ရာ Service Provider / ပုဂ္ဂလိကဘဏ်များ၏ Mobile App များမှတစ်ဆင့် လှူဒါန်းနိုင်ပါသည်။

(ဃ) MPU Card (ATM Card) များမှ လှူဒါန်းလိုပါက MPU မှတစ်ဆင့် လှူဒါန်းနိုင်ပါသည်။

(င) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ Website မှတစ်ဆင့် MPU Debit/Credit ကတ်များဖြင့်ဖြစ်စေ၊ ပြည်တွင်း/ပြည်ပ Visa/Master Credit ကတ်များဖြင့်ဖြစ်စေ၊ ချိတ်ဆက်ထားသော  Over-the-Counter ဆိုင်များ၌ ငွေသားပေးသွင်းခြင်းဖြင့်ဖြစ်စေ အလှူငွေများကို လွယ်ကူလုံခြုံစွာ ပေးအပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ထပ်မံအသိပေးကြေညာမည်ဖြစ်ပါသည်။

၂။ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ရှိ COMID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ နိုင်ငံခြားငွေစာရင်းအမှတ် (EDC 600012) သို့ အောက်ပါနည်းလမ်းများဖြင့် နိုင်ငံခြငွေများကို ထည့်ဝင်လှူဒါန်းနိုင်ပါသည် -

(က) မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် နိုင်ငံခြားငွေလုပ်ငန်းနှင့် နိုင်ငံခြားငွေ လုပ်ငန်းလုပ်ကိုင်ခွင့် AD လိုင်စင်ရ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲများမှတစ်ဆင့် မည်သည့်နိုင်ငံခြားငွေအမျိုးအစားကိုမဆို ငွေသားဖြင့် တိုက်ရိုက်လှူဒါန်းနိုင်ပါသည်။

(ခ) မြန်မစီးပွားရေးဘဏ် ဘဏ်ခွဲများတွင် ဖွင့်လှစ်ထားသော နိုင်ငံခြားငွေစာရင်းများမှတစ်ဆင့် စာရင်းပြောင်းနည်းလမ်း (Account Transfer) ဖြင့် လှူဒါန်းနိုင်ပါသည်။

(ဂ) မြန်မာ့ စီးပွားရေးဘဏ်၏ SWIFT Code - MYEBMMMY ကို အသုံးပြု၍ Donation to COVID-19 Vaccination Fund (Account EDC 600012) Myanma Economic Bank ဟု ဖော်ပြ၍ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ်များမှတစ်ဆင့် လှူဒါန်းနိုင်ပါသည်။

(ဃ) ပြည်ပဘဏ်များမှတစ်ဆင့် ငွေလွှဲသည့်အခါ အထက်ဖော်ပြပါ  SWIFT Code နှင့်  Donation to COVID-19 Vaccination Fund (Account EDC 600012) Myanma Economic Bank ကို ဖော်ပြ၍ ငွေလွှဲနိုင်ပြီး  ငွေလွှဲပို့သည့် ပြည်ပဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့အကြား တိုက်ရိုက်ဆက်သွယ်မှုမရှိပါက အောက်ပါ မြန်မာ့စီးပွားရေးဘဏ်၏ ပြည်ပအဆက်အသွယ်ဘဏ်များမှတစ်ဆင့် ဘဏ်အချင်းချင်း ချိတ်ဆက် ငွေလွှဲပို့နိုင်ပါသည် -

 

a

 

၃။ အလှူရှင်စာရင်းကို မှတ်တမ်းတင်ထားရှိနိုင်ရန်အတွက် လှူဒါန်းသူများအနေဖြင့် အလှူရှင်အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို ပြည့်စုံစွာဖော်ပြပေးပါရန်နှင့် အလှူငွေများ ထည့်သွင်းပြီးပါက [email protected], [email protected] (သို့မဟုတ်) Viber - 09-251182042, 09-420788851 တစ်ခုခုသို့   အလှူငွေပေးသွင်းထားသည့် အထောက်အထားများကို ပေးပို့စေလိုပါသည်။

၄။ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လူကိုယ်တိုင် လာရောက်လှူဒါန်းခြင်းနှင့် ပြည်တွင်းမှ Virtual အစီအစဉ်တို့ဖြင့် လှူဒါန်းလိုသူများသည် အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည် -

 

b

 

၅။ COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) သို့ ထည့်ဝင်လှူဒါန်းကြသည့် အလှူငွေများသည် ဝင်ငွေခွန်ဥပဒေနှင့်အညီ အခွန်ဆိုင်ရာသက်သာခွင့်များ ခံစားခွင့်ရရှိပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန