မြိတ် ၃ ဧပြီ

 

Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်(မြိတ်) ဘဏ်ခွဲ၌ ဘဏ်သို့လာရောက်ကြသူများအား စနစ်တကျလက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

၁၂၄၅၉၀၆၄၄၄၂

 

“ဘဏ်သို့ ပင်စင်လာထုတ်သူတွေ၊ ငွေသွင်းငွေထုတ် လာရောက်ကြတဲ့သူတွေကို ကျန်းမာရေးဌာနမှ ဆရာမဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်းကို နေ့စဉ်ဆောင်ရွက်နေပါတယ်။ ဘဏ်အတွင်းအပြင်ကို ပိုးသတ်ဆေးဖျန်းခြင်းအနေဖြင့် တစ်ပတ်မှာ တစ်ကြိမ်ဆောင်ရွက်ပါတယ်။ Covid-19 ကာကွယ်ရေးအတွက် ဒီလိုဆောင်ရွက်နေတာ ဘဏ်ကိုလာတဲ့သူတွေက လိုလိုလားလား လက်ခံဆောင်ရွက်ကြပါတယ်။ ဒီရောဂါက ကုသတာထက် ကာကွယ်တာက ပိုကောင်းတယ်ဆိုတော့  ကာကွယ်ရေးကို လာရောက်ကြတဲ့ Customer တွေရော ရုံးဝန်ထမ်းတွေရော ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားချက်ကို လိုက်နာပြီး ဆောင်ရွက်လျက်ရှိပါတယ်” ဟု မြန်မာ့စီးပွားရေးဘဏ်(မြိတ်) ဘဏ်ခွဲမန်နေဂျာ ဦးထွန်းစိုးလွင်က ပြောသည်။

 

မြန်မာ့စီးပွားရေးဘဏ်(မြိတ်) ဘဏ်ခွဲ၌ Covid-19 ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်နေသည့်ကာလအတွင်း ပင်စင်လာထုတ်သူ ၁၅၄၈ ဦး၊ ဘဏ်သို့ ငွေသွင်း ငွေထုတ် လာရောက်ကြသူ ၁၃၁၅ ဦးကို ကျန်းမာရေးစစ်ဆေးခြင်း၊ ဆပ်ပြာရည်နှင့် လက်ဆေးစေခြင်း၊ Hand Gell ဖြင့် လက်ဆေးစေခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)