၁။         COVID-19 ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရှေးရှုလျက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့်ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါကန့်သတ်ချက်များ အားလုံးကို ၃၀--၂၀၂၀ ရက်နေ့အထိ ဆက်လက်တိုးမြှင့်သတ်မှတ်ကြောင်း ၁၅--၂၀၂၀ ရက်စွဲပါ ကြေညာချက်ဖြင့် ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါသည်-

(က)     မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များနှင့် စပ်လျဉ်း၍ ၁၅--၂၀၂၀ ရက်စွဲပါကြေညာချက်၊

()     မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်များနှင့် ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရောနစ်ဗီဇာ ထုတ်ပေးခြင်းများအား ယာယီရပ်ဆိုင်းမှုတို့နှင့် စပ်လျဉ်း၍ ၂၀--၂၀၂၀ ရက်စွဲပါ ကြေညာချက်၊

()     ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်များနှင့် စပ်လျဉ်း၍ ၂၄--၂၀၂၀ ရက်စွဲပါကြေညာချက်၊

()     ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့်နှင့် လူမှုရေးဗီဇာအပါအဝင် မည်သည့်ပြည်ဝင်ဗီဇာ အမျိုးအစား ကိုမဆို ယာယီရပ်ဆိုင်းမှုနှင့် စပ်လျဉ်း၍ ၂၈--၂၀၂၀ ရက်စွဲပါကြေညာချက်။

၂။         COVID-19 ကူးစက်ရောဂါ ပြည်ပမှဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ မြန်မာပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့် အစီအမံများ ကို ဆက်လက်ချမှတ် ဆောင်ရွက်သွားနိုင်ရန် ရှေးရှုလျက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် အထက်ဖော်ပြပါ ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ပါသည်။

၃။         သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့် ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေး လေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံရန် ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအားလုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တည်ဆဲ ညွှန်ကြားချက်များကို မပျက်မကွက် လိုက်နာကြရမည်ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၈ ရက်