လှိုင်းဘွဲ ၃၁ ဇူလိုင်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက Covid-19 ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က သမ္ဘာန်ကျေးရွာ တောင်သူအသိပညာပေးစခန်း၌ ကျင်းပပြုလုပ်သည်။

 

ထောက်ပံ့ပေးအပ်ပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဦးသက်မောင်က Covid-19 ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ တောင်သူများအနေဖြင့် စိုက်ပျိုးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှု မရှိစေရန် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး လိုအပ်သော စိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနကို ပံ့ပိုးကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပြီး မျိုးစေ့များကို တာဝန်ရှိသူများက တောင်သူများထံ အသီးသီးထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဦးသက်မောင်နှင့်အဖွဲ့က မျိုးစေ့ထုတ်စိုက်ခင်း၊ SRI စနစ်ဖြင့် စိုက်ပျိုးထားရှိမှုအား  လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)