မန္တလေး ၁၅ အောက်တိုဘာ
Covid-19 ကာလ သွေးလိုအပ်သော ပြည်သူများအတွက်အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ အမှတ်(၁၄) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲ(မန္တလေး)ရှိ အရာရှိနှင့် အခြားအဆင့် တပ်ဖွဲ့ဝင်များစုပေါင်း သွေးလှူဒါန်းပွဲကို အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီခွဲက မန္တလေး ထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်ခွဲတွင် ကျင်းပသည်။
စုပေါင်း သွေးလှူဒါန်းပွဲတွင် အမှတ်(၃) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးတင်မျိုးအောင်နှင့် အမှတ်(၁၄) ယာဉ်ထိန်းရဲ ဒုတိယ တပ်ဖွဲ့ခွဲမှူးရဲမှူး မြင့်အောင်တို့က ကြည့်ရှုအားပေးပြီး အမျိုးသား သွေးလှူဘဏ်ခွဲ ဆရာဝန်၊သူနာပြုများကသွေး ပေါင်ချိန်တိုင်းခြင်း၊ သွေးအမျိုးအစားခွဲခြင်း၊ သွေဖောက်ယူခြင်းများ ဆောင်ရွက်ပေးပြီး စေတနာ သွေးလှူရှင်များအား အဟာရနှင့် အားဆေးများ ပေးအပ်ကြသည်။
မောင်ပြည်သူ(မန္တလေး)


