COVID-19 ကြိုတင်ကာကွယ်ရေးအနေဖြင့် ထားဝယ်မြို့ ကမ်းနားဈေးတွင် ပိုးသတ်ဆေးဖျန်း 

ထားဝယ်   ၂၇  မတ်

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ကမ်းနားစျေးတွင် ယနေ့ မွန်းလွဲပိုင်းက COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကလိုရင်းပိုးသတ်ဆေးများ လိုက်လံဖျန်းပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ခြင်းကို COVID-19 ထိန်းချုပ်ကာကွယ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်)၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကမ်းနားစျေးအား ကလိုရင်းပိုးသတ်ဆေး ဖျန်းပေးခဲ့ပြီးနောက် ရေဖြင့်ဆေးကြောသန့်စင်ပေးခဲ့ကြောင်း သိရသည်။ 

 

ပိုးသတ်ဆေးဖျန်းမှုကို ထားဝယ်ဒေသအတွင်းရှိ ရှင်ကိုးရှင်ဘုရားများနှင့် လူအများသွားလာလျက်ရှိသော ဘုရားပုထိုးစေတီများ၊ စျေးများ၊ အဝေးပြေးကားဝင်းများ၊ လေဆိပ်များတွင် ဆက်လက်လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။

 

(ထားဝယ် ပြန်/ဆက်)