မန္တလေး၊ ၈ ဒီဇင်ဘာ

အမရပူရမြို့နယ် နတ်ရေကန်ကျေးရွာအုပ်စု၊   ၆၈လမ်းဘေးရှိ   ဓာတ်ပုံအမြန် မိတ္တူဆိုင်တစ်ဆိုင်တွင် Covid-19 ကင်းရှင်းကြောင်း ထောက်ခံစာများ၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဝင်/ထွက်လက်မှတ်များ အတုပြုလုပ်ကြောင်း သတင်းအရ ဒီဇင်ဘာ(၇)ရက် မွန်းလွဲ၂ နာရီက အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ဦးစီးမှူးတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေခဲ့သည်။

အဆိုပါ ဆိုင်တွင် Covid-19 ကင်းရှင်းကြောင်း ထောက်ခံစာအတုများ၊ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ ဝင်/ထွက်ခွင့်ကတ်များအား စိစစ်တွေ့ရှိရသဖြင့် ဆိုင်ပိုင်ရှင် ဖြစ်သူအား  ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

မောင်ပြည်သူ(မန္တလေး)