နေပြည်တော် ၂၂ မေ

 

COVID-19 Myanmar Tourism Strategic Roadmap (မူကြမ်း) အပေါ် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် ကျင်းပသည်။

 

a12332

 

ဆွေးနွေးပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ညီနောင်အသင်း (၁၁)သင်း ဥက္ကဋ္ဌများက Video Conferencing ဖြင့် Online မှ ပါဝင်တက်ရောက်ကြသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဧပြီ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည့် Online Workshop on COVID-19 Crisis Management: React, Rethink, Recover မှာ ကိုဗစ်-၁၉ ကာလအတွင်းနှင့် အလွန်ကာလများတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာစေရန်နှင့် ဦးမော့လာစေရန်အတွက် မည်သို့ဆောင်ရွက်မည်ဆိုသည့် Strategic Roadmap ကို ရေးဆွဲခဲ့ပါကြောင်း၊ Strategic Roadmap မှာ Survival ပထမအဆင့် Immediate Action အဖြစ် ဆောင်ရွက်ရမည့် Self-Finance & Stimulate Package အစီအစဉ်များ၊ Reopening ဒုတိယအဆင့် Short Term အဖြစ် လမှ လအတွင်း ဆောင်ရွက်မည့် Relaxing of Lockdown & Quarantine အစီအစဉ်များနှင့် Re-Launching တတိယအဆင့် လမှ နှစ်အတွင်း စတင်အကောင်အထည်ဖော်ပြီး ရေရှည်တွင် ဆက်လက်ဆောင်ရွက်ရမည့် Reinventing Myanmar Tourism & Relaxing of Regulation များ ပါဝင်ပါကြောင်း၊ Strategic Roadmap ကို နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် COVID-19 Economic Relief Plan (CERP) အရ ၂၀၂၀ မကုန်မီ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ထည့်သွင်းပြီး မူကြမ်းအဖြစ် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁) သင်းများထံ ပေးပို့အကြံပြုချက် ဖြည့်စွက်ချက်များ တောင်းခံထားပြီးဖြစ်ပါကြောင်း။

 

ယနေ့ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ Strategic Roadmap အတွက် အသေးစိတ် အစီအစဉ်များကို အပြီးသတ်အတည်ပြုရန် ဖြစ်ပါကြောင်း၊ အဆင့်တဆင့်စီတွင် အသေးစိတ် ဆောင်ရွက်မည့် Detailed Action Plan များကို ခရီးသွားကဏ္ဍအတွင်း Stakeholders အားလုံး၏ ပါဝင်အကြံပေးမှုဖြင့် စုစည်းပြုစုရန် ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ဦးဆောင်မှု၊ မိတ်ဖက် Partners များ၏ ကူညီပံ့ပိုးမှုနှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများ အားလုံးအပါအဝင် လုပ်ဆောင်နိုင်မည့် ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ရေးအတွက် ကဏ္ဍတိုင်း၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားဖော်ဆောင်မည့် လုပ်ငန်းစဉ်အဖြစ် ပေါ်ထွက်လာရေး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး အကြံပြုဆွေးနွေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ညီနောင်အသင်း (၁၁)သင်းမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှု၊ COVID-19 ကာလတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ လတ်တလော တွေ့ကြုံနေရသည့် အခြေအနေများ၊ COVID-19 Myanmar Tourism Strategic Roadmap (မူကြမ်း)နှင့် ပတ်သက်၍ အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးတင်လတ်က COVID-19 Myanmar Tourism Strategic Roadmap နှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုချက်များကို Roadmap ရေးဆွဲရာတွင် ထည့်သွင်းသွားမည်ဖြစ်ပါကြောင်းနှင့် ထပ်မံပြင်ဆင် ဖြည့်စွက်ရန်ရှိသည်များကိုလည်း ထပ်မံပေးပို့နိုင်ပါကြောင်း၊ COVID-19  Safe Services စံချိန်စံညွှန်းများ သတ်မှတ်ရာတွင် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသည့် ဟိုတယ်များ၊ စားသောက်ဆိုင်များမှစ၍ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသူများ အမှန်တကယ် အသုံးပြုနိုင်သည့် စံချိန်စံညွှန်းဖြစ်စေရန်၊ သက်ဆိုင်ရာညီနောင် အသင်းအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် Capacity Building သင်တန်းများ၊ မွမ်းမံသင်တန်းများ ဖွင့်လှစ်ရန် ဝန်ကြီးဌာနမှ စီစဉ်လျက်ရှိရာ ဖွင့်လှစ်မည့်သင်တန်းများသည် အမှန်တကယ်လိုအပ်ချက်နှင့် ကိုက်ညီစေရန် သက်ဆိုင်ရာ အသင်းအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း ဆွေးနွေးပြောကြားရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။

 

သတင်းစဉ်