(၂၉-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ ယနေ့ (၂၉-၂-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ပြန်ကြားချက်အရ မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိသော အသက် (၂၀) နှစ်အရွယ် အမျိုးသား (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရသဖြင့် ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာနှင့် သံသယလူနာ စုစုပေါင်း (၄၅) ဦးအား ဓာတ်ခွဲစစ်ဆေးခဲ့ပြီး တစ်ဦးမျှ (တစ်ဦးမျှ) ရောဂါပိုး မတွေ့ရပါကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ (၂၉-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ တိုင်းဒေသကြီး/ပြည်နယ် ဆေးရုံများတွင် စောင့်ကြည့် လူနာအဖြစ် ကုသမှုပေးလျက်ရှိသော သူမရှိပါ။

 

၃။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆက်လက် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက် ပျံ့နှံ့ဖြစ်ပွားခြင်းများမှ ကာကွယ်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

 

Credit> Ministry of Health and Sports, Myanmar

 

mdn
မကွေးတိုင်းဒေသကြီး၊ မန်းရွှေစက်တော်ရာ ဘုရားပွဲကျင်းပရာနေရာတွင် လက်ကိုင် အသံချဲ့စက်ငယ်ဖြင့် ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်နေမှု