(၂၀-၃-၂၀၂၀) ရက်နေ့၊ ည (၉:၃၀) နာရီ
၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သည် တိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံအသီးသီးမှ COVID-19 ရောဂါ စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်ထားရှိသော လူနာများထံမှ ဓာတ်ခွဲနမူနာများကို ဓာတ်ခွဲစစ်ဆေးပေးလျက်ရှိပါသည်။
၂။ ယနေ့ည (၂၀-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီတွင် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ပေးပို့လာသော ဓာတ်ခွဲအဖြေ (ဇယား-၁) အရ သက်ဆိုင်ရာဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိသော လူနာများအနက် လူနာ (၁၇) ဦး၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။
၃။ ခုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီး၊ နေပြည်တော်တွင် (၁၈-၃-၂၀၂၀) ရက်နေ့၌ စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးနေစဉ် သေဆုံးခဲ့သော ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် နေထိုင်သည့် အသက်(၇၄) နှစ်အရွယ်၊ အမျိုးသားတစ်ဦးနှင့် (၁၇-၃-၂၀၂၀) ရက်နေ့တွင် စောင့်ကြည့် လူနာအဖြစ် သတ်မှတ်၍ ကျိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုပေးနေစဉ် သေဆုံးခဲ့သော ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် နေထိုင်သော အသက် (၃၀) နှစ် အရွယ်အမျိုးသား တစ်ဦးတို့၏ ဓာတ်ခွဲအဖြေတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရ ပါသည်။
၄။ (၁၉-၃-၂၀၂၀) ရက်နေ့တွင် ကြို့ပင်ကောက်မြို့ရှိ ပုဂ္ဂလိကဆေးရုံ တစ်ခုသို့ တက်ရောက် ဆေးကုသမှုခံယူခဲ့ပြီး ယင်းနေ့တွင်ပင် သေဆုံးခဲ့သော ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် နေထိုင်သည့် အသက် (၇၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဓာတ်ခွဲအဖြေတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိ ရပါသည်။
၅။ ဆေးရုံများ၌ထားရှိ၍ အသွားအလာကန့်သတ်မှု (Hospital Quarantine) ပြုလုပ်ထားသော တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ မြန်မာနိုင်ငံသား (၇) ဦး၏ (၂၀-၃-၂၀၂၀) ရက်နေ့တွင် ပေးပို့သော ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။
၆။ ယနေ့ (၂၀-၃-၂၀၂၀) ရက်နေ့၊ ည (၉း၃၀) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၁၂) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။
Ref; Ministry of Health and Sports, Myanmar

