၁၅-၆-၂၀၂၀ ရက်နေ့၊ နံနက် (၈:၀၀)နာရီ
၁။ (၁၄-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေးပြီးခဲ့သော ဓာတ်ခွဲနမူနာ (၅၆၃)ခုနှင့် ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး၊ ခုတင် (၁၀၀၀)မှ စစ်ဆေးပြီးခဲ့သော ဓာတ်ခွဲနမူနာ (၂၁၄)ခု၊ စုစုပေါင်း (၇၇၇) ခုတွင်-
• COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁) ဦးတွေ့ရှိရပါသည်။
၂။ (၁၅-၆-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၆၂) ဦးရှိပါသည်။
၃။ (၁၄-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယအသုတ်)ဓာတ်ခွဲနမူနာ (၁,၂၄၁)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၆၄)ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-MDY)မှ ဓာတ်ခွဲနမူနာ (၃၇၅)ခုနှင့် ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၂၁၄)ခု၊ စုစုပေါင်းဓာတ်ခွဲနမူနာ (၁,၉၉၄)ခုအား စစ်ဆေးပြီးစီးခဲ့ပါသည်။
Ref:ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန