COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၃-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ
၁။ (၂၂-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် -
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၆၈၆)ခု နှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၈၀)ခု၊ စုစုပေါင်း (၉၆၆) ခု အား စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် (၁) ဦးတွေ့ရှိရပါသည်။

၂။ (၂၃-၆-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၉၁) ဦးရှိပါသည်။
၃။ (၂၂-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာမှုများအနေဖြင့် -
• အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယ အသုတ်) ဓာတ်ခွဲနမူနာ (၁,၀၅၈ )ခု၊
• ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၉၉)ခု၊
• ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၈၀)ခုနှင့်
• ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ကုတင် - ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၅၂)ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၇၈၉) ခုအား စစ်ဆေးပြီးစီးခဲ့ပါသည်။
Credit>Ministry of Health and Sports, Myanmar