(၉-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ
၁။ (၈-၆-၂၀၂၀)ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင်
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၅၇၇)ခု နှင့်
- ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး၊ ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၆၃)ခု၊ စုစုပေါင်း (၇၄၀) ခုတို့အား စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိရပါ။
၂။ (၉-၆-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၄၄) ဦးရှိပါသည်။
၃။ (၈-၆-၂၀၂၀)ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင်
• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယ အသုတ်) ဓာတ်ခွဲနမူနာ (၁,၀၂၃)ခု၊
• ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၀၁)ခု၊
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-MDY) မှ ဓာတ်ခွဲနမူနာ (၁၆၉)ခုနှင့်
• ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၆၃)ခု ၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၅၅၆)ခုအား စစ်ဆေးပြီးစီးခဲ့ပါသည်။
Credit>Ministry of Health and Sports, Myanmar