(၁၆-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီ

 

၁။ (၁၆-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ တတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၂၆၇) အား စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦးတွေ့ရှိပါသည်။

 

mdn

 

၂။ သို့ဖြစ်ပါ၍ (၁၆-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၈၂) ဦးရှိပြီဖြစ်ပါသည်။

 

၃။ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၈၉) ဦးရှိပါသည်။ ၎င်းတို့အနက် (၇၄) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ကန့်သတ်၍ ဆက်လက်စောင့်ကြပ် ကြည့်ရှုလျက်ရှိပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

 

၅။ (၁၅-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၅၄၆) ခုနှင့် ဆေးသုတေသနဦးစီးဌာန မှ ဓာတ်ခွဲနမူနာ (၁၄၈) ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၆၄၉) ခုအား စစ်ဆေးခဲ့ပါသည်။

 

Ref; Ministry of Health and Sports, Myanmar

 

mdn