COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂) ဦးတွေ့ရှိ

(၁၉-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

၁။ (၁၉-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ ပထမအသုတ် အဖြစ် ဓာတ်ခွဲနမူနာ (၁၈၄) ခုနှင့် ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၅၉) ခု၊ စုစုပေါင်း (၃၄၃)ခုအား စစ်ဆေးပြီးစီးခဲ့ရာ-

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂) ဦးတွေ့ရှိရပါသည်။

၂။ (၁၉-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၉၃) ဦးရှိပြီ ဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၃) ဦး (Case- 34, 122 နှင့် 157) ရှိခဲ့သဖြင့် (၁၉-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုး ကင်းစင်လာသူ စုစုပေါင်း (၁၀၄) ဦးရှိပါသည်။ ၎င်းတို့အနက် (၉၁) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက် ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိပါသည်။

၅။ (၁၈-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၉-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၆၇) ဦး ရှိပါသည်။

Ref;ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန