(၆-၈-၂၀၂၀ရက်နေ့၊  ည (၈:၀၀)နာရီ

 

၁။         (၆-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် မျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၃၇၆)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၁၃၅) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ (၁၅၈) ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ (၈၀) ခု၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၁၉) ခု၊ စုစုပေါင်း (၈၆၈)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။

 

၂။         (၆-၈-၂၀၂၀) ရက်နေ့၊ ည (:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၅၇) ဦးရှိပါသည်။

 

၃။         ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေး မှုတွင် () ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၃)ဦး (Case-279, 342,343) ရှိသဖြင့် စုစုပေါင်း (၃၀၈) ဦးရှိပါသည်။ ၎င်းတို့အနက် (၂၉၀) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။          

 

၄။         ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ()ဦး ရှိပါသည်။

 

၅။        (၅-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၆-၈-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၇) ဦးရှိပါသည်။

Ref:ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန