မြိတ် ၂၅ မတ်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် Covid 19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး မြိတ်ခရိုင် ကွပ်ကဲရေးရုံးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မတ်လ(၂၄)ရက်၌ စတင်ဖွင့်လှစ်ပြီး ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဦးစီးကော်မတီဖွဲ့စည်းကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

 

63

 

COVID-19 ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုယ်အပူ ချိန်တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းကို မြိတ်လေဆိပ်၊ မြိတ်မြို့အဝင် ကျွဲကူး- ကျောက်ဖျာတံတားထိပ်၊ တနင်္သာရီ တံတား၊ ဆိပ်ငယ် ဗောတံတားနှင့် ယောကြီးဝတံတားတို့တွင်အပြင် ယနေ့မှစတင်ကာ မြိတ်မြို့နယ် ပသောင်း ကျေးရွာ၊ တနင်္သာရီမြို့နယ် သဲဖြူကျေးရွာနှင့် မြိတ်ငါးလေလံဈေးတို့တွင် ခရီးသွားပြည်သူများ၊ ပြည်ပမှ မိမိနေရပ် သို့ပြန်လာကြသော ပြန်တော်ပြန်များ၊ ရေလုပ်သားများအား COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကူးစက်မှု ရှိ/မရှိ အခြေအနေတို့ကို ရောဂါရှာဖွေရေး ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက် လျက်ရှိသည်။

 

3325

 

မြိတ်ခရိုင်အတွင်း ပြည်သူလူထုများအား အဖျားရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာများ တွေ့ရှိပါက ပြည်သူပူးပေါင်းဆောင်ရွက်မှုဖြင့် ကျန်းမာရေးဌာနသို့ဆက်သွယ်ဆောင်ရွက်ခြင်း၊ ပြည်သူများနှင့် ခရီးသွားများအား ရောဂါကြိုတင်ကာကွယ်နိုင်ရေး ပညာပေးခြင်း၊ ပြည်သူများ မီဒီယာများမှ တိကျမှန်ကန်သော သတင်းများ ထုတ်ပြန်ပေးနိုင်ရေးဆောင်ရွက်ခြင်း၊ လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ မကျင်းပနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် COVID-19 ရောဂါကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးကို ပြည်သူလူထုများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ဦးစီးကော်မတီမှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

204

 

ထို့အတူ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ရောဂါပိုးတွေ့ရှိလူနာ၊ သံသယလူနာ၊ ဆေးရုံစောင့်ကြည့်လူနာများကို ရောဂါကာကွယ် ထိန်းချုပ် ကုသရေး အစီအမံများ၊ လူနာများအား ကုသမှုပေးရာတွင် လိုအပ်ပါက ပြည်သူ့ဆေးရုံအပြင် ဆေးရုံပြင်ပနေရာများကိုလည်း ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဦးစီးကော်မတီမှ စီစဉ်ဆောင်ရွက် လျက်ရှိပြီး နေ့စဉ် Covid 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး မြိတ်ခရိုင် ကော်မတီရုံး ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။

 

ခိုင်ထူး(မြိတ်ပြန်/ဆက်)

 

0258966