ရန်ကုန် ၁၃ ဧပြီ

 

COVID-19 ရောဂါ ကာကွယ်ကုသရေးအတွက် သက်ဆိုင်ရာ ဆေးရုံများ၊ ကျန်းမာရေး ဝန်ထမ်းများအတွက် လိုအပ်သော ဆေးဝါးနှင့် အထောက်အကူပစ္စည်းများ ပြင်ဆင်ထားရှိနိုင်ရန်နှင့်   အခြားလိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန် OPPO မှ ငွေကျပ်သိန်း ၂၀၀ လှူဒါန်းပွဲကို ဧပြီ ၁၀ ရက် နံနက်က ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီ၀ကလမ်းရှိ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသို့ လှူဒါန်းခဲ့သည်။

 

အဆိုပါလှူဒါန်းပွဲတွင် OPPO Myanmar AED ၏ Project Director Mr. Will က ပေးအပ်လှူဒါန်း‌ရာ ဆေးသု‌တေသနဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ပါမောက္ခ‌‌ဒေါက်တာဇော်သန်းထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်‌ပေးအပ်သည်။

 

အေကေလင်း