ပဲခူး ၁၉ မတ်

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို မတ် ၁၉ ရက် မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ကျင်းပခဲ့သည်။ 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားကာ ထောက်ပံ့ငွေကျပ် သိန်း(၅၀ဝ)ကို ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းထံသို့ ပေးအပ်ခဲ့ပြီး အရေးပေါ်လိုအပ်လာပါကလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အရေးပေါ်ရန်ပုံငွေ ကျပ် (၁)ဘီလီယံ ကြိုတင်လျာထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

1

 

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် ကော်မတီဝင်များတက် ရောက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)