ရန်ကုန်  ၂၅  မတ်

 

COVID-19 ရောဂါပျံ့နှံ့မှု ကာကွယ်တားဆီးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ ၁၉ လမ်းနှင့် လမ်း ၂၀ တို့တွင် လသာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ရပ်ရွာအထောက်အကူပြုအဖွဲ့များ၊ ရပ်မိရပ်ဖများ စုပေါင်းကာ ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်ကြသည်။

 

0002

 

ထို့ပြင် လမ်းများတွင်လည်း အများပြည်သူများ အသုံးပြုနိုင်ရန် လက်ဆေးကန်များကို ဆောင်ရွက်ပေးထားသည့်အပြင် လက်သန့်ဆေးရည်များနှင့် နှာခေါင်းစည်းများကို အခမဲ့ဝေပေးသွားရန် စီစဉ်ထားသည်။

 

0003

 

လသာမြို့နယ်သည် ရန်ကုန်မြို့၏ အချက်အချာကျသည့် မြို့နယ်တစ်ခုဖြစ်သည်နှင့်အညီ ပြည်သူများသွားလာမှု များပြားသည့်အတွက် လသာမြို့နယ် တစ်ခုလုံးကို ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း၊ ဓာတ်ပုံ-ကိုကိုဇော်(MNA)