မြစ်သား ၁၆  မတ်

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် Coronavirus Disease 2019 (Covid- 19) ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော ဆေးဝါးနှင့် ပစ္စည်းများအတွက် အလှူငွေကျပ်(၁၀)သိန်းလှူဒါန်းပေးအပ်ပွဲကို  ယနေ့နံနက် (၁၀:ဝ၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

မြစ်သားမြို့နယ်အတွင်း 2019-Novel Coronavirus (2019-Cov) စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီ(Suvillance and Respond Ten – SRT) အဖွဲ့ ဉက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင်ကာကွယ်နိုင်ရေး လိုအပ်သော ဆေးဝါးနှင့် ပစ္စည်းများ စုဆောင်းထားရှိရေးအတွက် SRT အဖွဲ့ကိုယ်စား အလှူငွေကျပ်(၁၀)သိန်းအား မတည်လှူဒါန်းခဲ့ပြီး ကမ္ဘောဇဘဏ်တွင် အကောင့်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအား အသိပညာပေးလုပ်ငန်းများ၊ ဆေးရုံအတွက်လိုအပ်သောဆေးဝါးနှင့် အထွေထွေလုပ်ငန်းများအတွက် အသုံးပြုရန်လှူဒါန်း ခြင်းဖြစ်ကြောင်းနှင့် အလှူငွေအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိန်ပိုမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။ 

 

ဆုမွန်(မြစ်သားပြန်/ဆက်)